ကျွန်တော် စာကြည့်တိုက်ပေါ်တွင် တစ်ယောက်တည်း အချိန်ကြာသည်အထိ ငေါင်နေမိသည်။ ၄၅ မိနစ်ခန့် စောင့်ပြီးသော အခါတွင် ကျွန်တော် စာကြည့်တိုက်မှ ဆင်းလာခဲ့သည်။ လှေကားတွင် သူနှင့် ကျွန်တော် ဆုံမိကြသည်။ ...ဘယ်သွားမလို့လဲ...။ ကျွန်တော် ဘာမှ မဖြေခဲ့။ ...မဟုတ်ဘူးကွာ... ငါ ချက်ခြင်း ထွက်လာပါတယ်...ဒါပေမဲ့သူက သူ့ကျောင်းကို လိုက်ပို့ပေးပါဆိုလို့ပါ...။ ...ရပါတယ်...ငါ အိမ်ပြန်တော့မယ်...။ ...tutorial ရှိတယ်လေ...။ ...ဟင့်အင်း ငါ မတက်တော့ဘူး... နေသိပ်မကောင်းလို့...။ ...ငါ့ကို စိတ်မဆိုးပါနဲ့ကွာ...။ ...ငါက ဘာလို့ စိတ်ဆိုးရမှာလဲ...။ ...ငါမင်းကို တစ်ယောက်တည်း ထားခဲ့မိတဲ့အတွက်လေ..။.. .. ငါက ဘာဖြစ်ရမှာလဲ...။ ...မင်းငါ့ကို စိတ်ဆိုးနေပါတယ်ကွာ...။ ...မဆိုးပါဘူး...ငါသွားတော့မယ်။ ...မဟုတ်ပါဘူး...ငါစိတ်မဆိုးပါဘူး...။ ...ဆိုးနေပါတယ်။ ... မဆိုးပါဘူးဆိုမှကွာ... ဟိုလေ... နောက်နေ့တွေ ငါတို့ မတွေ့ကြတော့ရင် ကောင်းမယ်... ငါ...။ ကျွန်တော် ဆက်မပြောနိုင်တော့ ။ ထွက်ခွါလာခဲ့သည်။ သူကျွန်တော့်ဘေးက လိုက်လာတော့ ကျွန်တော်သူ့ကို တွန်းလိုက်မိသည်။ သူ ကျွန်တော့်ကို ကြည့်နေရင်း ကျန်ခဲ့သည်။ ကျွန်တော် ဘာကြောင့်မှန်းမသိ မျက်ရည်ကျချင်လာသည်။ ...မငိုနဲ့ မင်းက ယောက်ျား တစ်ယေက်ပဲ...။ ကျွန်တော့်ကိုယ်ကျွန်တော် ဖြေသိမ့်မိသည်။
နောက်တစ်ရက်ရောက်တော့ ကျွန်တော် ကျောင်းမတက်ချင်သောကြောင့် ကျောင်းလစ်မိသည်။ ၁၀ နာရီလောက်ကြတော့ သူ ကျွန်တော့်ကို ဖုန်းဆက်လာသည်။ ...မင်းဘယ်မှာလဲ...။ ...သြော်ငါလား....သည်နေ့ကျောင်းမတက်ချင်လို့ လစ်တာလေ..ဟဲဟဲ.. ကောင်းတယ် မဟုတ်လာ... ငါအခု အပြင်မှာ ..ငါ့ကို ဖုန်းထပ်မဆက်နဲ့တော့ကွ...။ ...ကျောင်းပြန်လာပါကွာ...ငါမင်းမရှိဘဲမနေတတ်ဘူး... ဘာလိုနေမှန်း ငါ့ကိုယ်ငါလည်း မသိတော့ဘူး... ပြန်လာပါကွာ... ။ ...ဒါပဲကွာ...ဟိုမှာ ငါနောက်ကျနေပြီ။ ကျွန်တော် ဖုန်းချလိုက်သည်။ ကျွန်တော့်ရင်ထဲတွင် ပူလောင်ခြင်းများသာ ကျန်ခဲ့သည်။ ခနနေတော့ သူ့ဆီက message ၀င်လာခဲ့သည်။ ...ငါမင်းမရှိဘဲ မနေတတ်ဘူးကွာ... မြန်မြန်ပြန်လာခဲ့ပါ..။ ကျွန်တော်ဖုန်းကို ချက်ခြင်း စက်ပိတ်လိုက်မိတော့သည်။
Tuesday, November 25, 2008
Subscribe to:
Post Comments (Atom)

No comments:
Post a Comment