တကယ်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်း၊ ရယူခြင်း၊ စွန့်လွှတ်ခြင်းတို့ အချိုးတူစွာ ပါဝင်ပေါင်းစပ်နေ တဲ့ အရာတစ်ခုပါ။
ဒါကြောင့်လည်း လောကဇာတ်ခုံပေါ်က လူသားတိုင်းက ဒီအချစ်ဆိုတာကို နည်းမျိုး စုံနဲ့ ရယူနိုင်အောင် ကြိုးစားကြတာပေါ့။
အချစ်ကလည်း လူတစ်ယောက်ကို ပြောင်းလဲသွားနိုင်လောက် အောင်ကို တန်ဖိုးကြီးမားလှပါတယ်။
ဒါပေမယ့် တစ်ချို့က ဒီအချစ်ကို ပြသလေ့မရှိတတ်ပါဘူး။ ဒါပေ မယ့် အချိန်တိုင်း၊ နေရာတိုင်းမှာ တိတ်တခိုးနဲ့ချစ်နေတတ်ကြပါတယ်။
ဒီလိုခံစားချက်ရှိတဲ့လူတွေတိုင်း ဟာ အပြင်ပန်းမှာ ဘယ်လောက်ပဲခက်ထန်နေပါစေ။ သူတို့ရဲ့အတွင်းစိတ်ကတော့ အင်မတန်ကိုနူးညံ လွန်းလှပါတယ် ဟာ...
ယုံရခက်တဲ့အချစ်ဆိုတဲ့အရာကို ရင်ထဲမှာ သိမ်းထားပါရစေတော့.....
နင်ပျော်နေတယ်ဆိုရင် ငါ ကျေနပ်ပါတယ်ဟာ ......တကယ်ပါ
ငါ့ကို နင့်ဘ၀နေ့ရက်တွေထဲက ၁ ရက် လေးပဲဖြစ်ဖြစ် သတိရပေးရင် ငါ ပျော်ပါပြီ သူငယ်ချင်းရာ.......
Tuesday, November 25, 2008
Subscribe to:
Post Comments (Atom)

No comments:
Post a Comment