လန်းစွင့်ပြီး ရ နံ့ ကြိုင်နေတဲ့ အချိန်တိုင်းတာလေး တစ်ခုမှာ ကမ်းလင့်တဲ့ လက်တွေ အများအပြား ကြုံ ဖူးကြ မှာ ပန်းတပွင့် ရဲ့ သဘာ ၀ ပါ…
အဲဒီ များပြားလှတဲ့ လက်တွေ ကြားမှ ကိုယ်နှင့် ရင်ခုန်သံ ထပ်တူမျှ စေမဲ့ လူကိုမှ ခူးဆွတ်ခွင့်ပေးတတ်ကြပြန်တဲ့ မိန်းခလေး တစ်ယောက်ရဲ့ ရွေးချယ်ပိုင့် ခွင့် နယ်ပယ်ဟာ ထုံးတမ်းစဉ်လာ အ ရ ယောက်ျားလေး တစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့် တွေ နဲ့ နှိုင်းစာလျှင် အမတန်မှ ကျဉ်းမြောင်း သိမ် ငယ် လွန်းပါ တယ်…..
ကိုယ်ရဲ့ ရင်ခုန်ဘက် ဟာ ထယ် စောက် ( ၀န်ဘင် ) ၊ မင်းသားလေး ရှင်း သို့ မဟုတ် စပိုင်မင်းသား
( ဒန်းနစ် (စ) အိုး နီး) သူတို့လိုများလား လို့ စိတ်ကူး ထဲ ပုံဖော်ရူး သွပ်တတ်ကျပေ မဲ့ တကယ့် တကယ် ကိုယ့် ကိုကမ်းလင့် တဲ့ လက်တွေ က တော့ ဗေလုဝ နီးနီးချော သော ၊ လွင် မိုးနှင့် ဆင်ဆင် တူသော ထင်ပေါ် လို မျိုး…..၊ ကိုရီးယားမင်းသားနှင့် တူသော( အ ရပ်) ကင်းကောင် စသည် စသ ဖြင့် လွဲချော်မှု တွေ လည်း ကြုံ ကြ ဖူးမှာ ပါ………။
ကိုယ်တကယ် နှစ်သက်မြတ်နိုးသော သူ အား သူ့ ဘက်က ဘာ မှ စ မ ပြော မ ချင်း ရင် ဖွင့်ပိုင်ခွင့် ဆိုတာ လုံး ၀ မရှိသော မြန်မာ မိန်းကလေး တစ်ယောက်ရဲ့ ဘ ၀ ဟာ မိမိခံစားချက်ကို ကိုယ် ချစ်နေ သော ကောင်မလေး သိစေရန် နည်းလမ်းမျိုးစုံ သုံး၍ ဖော် ပြ လို့ ရသော ယောက်ျားလေးတစ်ယောက်ရဲ့ နယ်ပယ်နှင့် နှိုင်းစာလျှင် အခြားကြီး ခြားနားစေ ပါ တယ်………။
မိမိရင်ခုန်မိသူ ဟာ ဂျယ်နီဖာလိုးပတ် စ် (သို့) ကိတ်ဝင်းစလတ် ဖြစ်နေစေ ဦးတော့ email address သိရင်ဖြင့် အင်္ဂလိပ်စာအရေး ကျွမ်းကျင်သူ အား ချွဲချွဲ ပတ်ပတ် ရေး ခိုင်းစေ ၍ချစ်သ၀ဏ်လွှာ စေ နိုင်ပါသေး ၏ ။
မိမိ ၏ စန်းဇာတာ မြင့်မားနေချိန်ဖြစ်နေပါ က “ u should die “ဟူသော reply mail လေးတောင်ဖတ်ခွင့် ကြုံကောင်းကြုံနိုင်ပါသေး သည်……………………….။
မိန်းခလေးတစ်ယောက်ရဲ့ ဘ၀ မှာလည်း ကိုယ့်ကိုကမ်းလင့်သော လက်တွေ ရဲ့ ရင်ဖွင်နည်း တွေကို အနည်းနှင့် အများ ကြုံ ကြ ဖူး မယ် လို့ စုငယ် ထင်ပါ တယ်…..စုငယ်ရဲ့ ဘ၀ မှာ လည်း လက်တစ်စုံ ရဲ့ ရင်ဖွင့်နည်း ကလေး ကို ယခုတိုင် မှတ်မှတ် ယယ ရှိနေခဲ့ ပါတယ်…………။
အဲဒီ အချိန် တုံး က စုငယ် ကို ရီးယား ဘာသာဖြင့် နောက်ဆုံးနှစ်ဖြေပြီး ယောင်ချာချာ ဖြစ်နေ ချိန်တွင် သူငယ်ချင်းတစ်ယောက်၏ အကူအညီ ဖြင့် ဈေးကွက်တွင်နာမည်ရနေသော ကုန်ပစ္စည်း ထုတ်လုပ်သော စက်ရုံ တ ခု၌ စကားပြန် အတွင်းရေးမှုး ဆိုသော အလုပ်လေး တစ်ခု ရ ရှိ ခဲ့ ပါ သည်.........
ဖယ်ရီပေးသော် လည်း အိပ်ယာ ထ ပျင်းသော စု ငယ် က တော့ ဖယ်ရီ မ စီး ပဲ 7.00 ထိုး မှ ထ ကာ ကိုယ့် အ စီ စဉ် ဖြင့် ကိုယ် ရုံးတက်ခဲ့ ပါ သည်။ကားမှတ်တိုင်မှ စက်ရုံ ရောက်ဖို့ ဈေးတန်းလေး တစ်ခုနှင့် အိမ်ယာလေး တစ်ခုကိုဖြတ်သွားရတာမို့ 15 မိနစ်ခန့် နေ့စဉ်ပုံမှန်လမ်းလျှောက်ရပါသည်……...။ တစ်လကျော်လောက်ကြာသောအခါ ဆိုင်ခန်းများ နှင့် အိမ်ယာများမှ လူအချို့ စုငယ် ကို သတိထားမိ လာ ကြ ပါ သည်။ စုငယ် ရဲ့ ရုပ်ရည်မှာ အဆင်ပြေ သည် ဆိုရုံ မျှ သာဖြစ်၍ နှစ်ခါပြန်လှည့် ကြည့်လောက်သည့် အထဲတွင်မပါ ပါ။
သို့သော် စုငယ်၏ အရင်း အ ဖျားညီ၍နက်မှောင်ရှည်လျား ဖြောင့်စင်းထူထဲ သည့် ပေါင်လည်လောက်ရှိသော်ဆံပင် သည် အများထဲမှ ထူးခြား နေခြင်း က တစ်ခါ ကြည့် ရုံ ဖြင့် မှတ်မိစေ နိုင်သော အချက်ဖြစ်ပါ သည်။ ထိုသို့ဖြတ်သွားဖြတ်လာပြု ရာတွင် အာချောင်မှု များ ၊ Rဇာနည် သီချင်းအော်ဆိုသံ များ က စုငယ်တို့ လိုမိန်းကလေးများအတွက် ရိုးအီနေပြီမို့ ထူးပြီး စိတ်နှောင့် ယှက်မဖြစ်တော့ပါ။
တနေ့ တော့ စုငယ် ကားပေါ်မှ ဆင်းဆင်းခြင်း နောက်မှ လူတစ်ယောက် ကပ်ပါလာ ပါသည်။
ထိုသူသည် နောက်က ကပ်ပါလာခြင်းသာရှိ၍ ဘာမှ ပြု မူခြင်းပြောဆိုခြင်းလည်းမရှိသောကြောင့်မည်သို့မျှ စိတ်နှောင်ယှက် မဖြစ်ခဲ့ချေ..။ သို့သော် တစ်ပတ်ခန့် ကြာသောအခါ နောက်မှ ကပ်လိုက်ရာကနေ စုငယ်နဘေး သို့ ရောက်လာခဲ့ သည်။ထိုသို့ စုငယ်ဘေးမှ ကပ်ပါလာလျှင်တော့ စိတ်အနှောင့် ယှက်ကြီးစွာ ဖြစ်ရပါသည်.။
ဘေးသူများကြည်လျှင် သူနှင့် စုငယ် အတူတူတွဲ လာသော ပုံစံဖြစ်နေသောကြောင့် စုငယ်သိက္ခာကို ထိခိုက်စေ ပါသည် ။ စုငယ် သတိထားမိသလောက် ကားပေါ်မှ ဆင်းတိုင်း ကားမှတ်တိုင်မှာ စောင့်နေကြသူမှာ 2 ယောက်ဖြစ်နေတတ် ပါတယ်။ ထို နှစ်ယောက်မှာ တစ်ယောက် က စုငယ်နောက် လိုက် သောသူဖြစ်၍ ကျန်တစ်ယောက်မှာမြှောက်ပေးသူဖြစ်နိုင်ပါသည် ။
စုငယ်၏ မွေးရာပါ တည်နေတတ်သော မျက်နှာ ၊ ဘေးဘီ ၀ဲယာ မျက်လုံးကစားခြင်းကင်း၍ ကိုယ် သွားနေ သည့် လမ်းသာ အာရုံစိုက်သော မျက်လုံး ၊ မိမိ နောက်မှ လူလိုက်လာ ခြင်း အတွက် မည်သည့် သက်ရောက်မှု မျိုးမှ ရှိမနေတတ်သော ခြေလှမ်း ထိုအရာတွေ က တော်တန်ရုံယောက်ျား တစ်ယောက်တွန့် ဆုတ်သွားစေရန် လုံလောက်သော အချက်တွေပဲ ဖြစ်သည် ။
ထိုသူသည် စုငယ် နဘေး မှ ကပ်ပါလာရာ တွင် စု ငယ် လုံး ၀ မနှစ်မြို့ သဖြင့်သူ့ အား ခပ်တည် တည် ကြည့် လိုက်တိုင်း နောက်သို့  စစ် ကူ သဘော မျိုးလှည့် ကြည့် လှည့် ကြည့် လုပ်တတ်သော ကြောင့် နောက်မှာ သူ အဖော်ကောင်လေး တစ်ယောက်ယောက်ပါမှာသေ ချာ ပါ သည်။ (၂) ရက်မြောက် ကပ်လိုက်လာသော အခါတွင် မတော့ ထို သူမျက်နှာ အား စေ့စေ့ ကြည့် ၍ မျက်နှာ ချင်းဆိုင် ကာ
“ဘေးနား က ကပ်မလို က် နဲ့ .. ဆက်လိုက်နေမယ် ဆို ဟိုမှာ ရ.၀ .တ နင်ကြည့် ထား “ လို့ မနီးမဝေးမှာ ရှိသော ရ၀တ ရုံးအားညွှန်ပြပြီး အေးဆေးတည်ငြိမ် စွာပြောလိုက်ပါ တယ် ။
စုငယ်ထံ မှမည်သည့် သက်ရောက်မှုမျိုးမှ မ ရ ဖူးသော ထိုလူသည် စုငယ်၏ တကယ်လုပ်မည့် ပုံစံကြောင့် လား မ သိ ။ဖြုံသွားသည် ထင်ပါ သည်.။ နောက်နေ့ များ မှာ သူကိုမတွေ့ ရ တော့ပေ ။
သို့သော် နှစ်ပတ်ခန့် ကြာသောအခါ စု ငယ် ကိုလူတစ်ယောက်ချည်းကပ်ခဲ့ ပြန်ပါ သည်.။ စုငယ် ဘ၀ တွင် မှတ်မှတ် ရရ ရှိနေသော သူ မှာ ထိုသူပဲ ဖြစ်ပါ သည်။
ထိုနေ့ က ကားပေါ် မှ ဆင်းဆင်းချင်းမိုးသည်းသည်း မဲမဲ ရွာနေ ပါ သည်။ ထီး ကိုကဗျာကယာ အဖွင့်တွင် လူ တစ်ယောက် စု ငယ် ကို စိုက်ကြည့်နေ မှန်း တွေ့ လိုက်ပါ သည်။ ထိုသူသည် ရွာနေသော မိုးရည် ကြားထဲတွင် ထီးမဆောင်းပါပဲ နှင့်မတ်မတ် ရပ် ကာ ကြည့်နေ ပါ သည်။
စုငယ် သူ့ ကိုဖြတ်ခနဲ မှတ်မိလိုက်ပါ သည်။ ထိုလူသည် စုငယ် နောက် သို့လိုက်သော ပထမ ကောင် လေး၏ အဖော် ဖြစ် ပါ သည်။
နေ့ စဉ် ရက် ဆက် တစ်ပတ်ကျော် ၁၀ ရက် ခန့်မျှ မိုးရွာသည် ဖြစ်စေ ၊ နေ ပူသည် ဖြစ်စေ ဦးထုပ် ၊ ထီး ၊မိုးကာ မပါ ပဲနှင့် ကျောက် ရုပ်တစ်ရုပ်အလား ထိုကားမှတ်တိုင်မှ စောင့် ကြည့် တတ်ခြင်းဖြင့် စုငယ်၏ သတိထားမှုကိုစတင် ယူ ကာ မိန်းကလေး တစ်ယောက်၏ ပျော့ ကွတ်ဖြစ်သော သနားဂရုဏာနှင့် သူ၏ ဇွဲကောင်းမှု ကို ပြစေတတ်သော မ ကျမ်းကျေပြီးဇွတ်တရွတ်နိုင်သော ဂျစ်ကန်ကန် နိုင်သောလူ တစ်ယောက်ဖြစ်မှန်းစုငယ် သိပါ သည်။
“နင်ကဒီလောက်မာနကြီးရအောင်ဘာမို့လိုလဲ”ဟုသူ့စိတ်ထဲထင်ချင်ထင်နေပါလိမ်မည်……………..။ “ဒီလောက်တောင်ဖြစ်တာ ငါချိုးပြ မယ်” ဟု ဟီးရိုးလုပ်၍ ဂျု တီ ချိန်းပြီးလိုက်တာလည်းဖြစ်နိုင်ပါသည်။
မိန်းခလေးတစ်ယောက် ၏ သတိထားမှု ကိုစတင်ယူတတ်သောထိုသူသည် ၁၀ ရက်ကျော် အကြာတွင် စုငယ်နောက်မှ လိုက်လာပါတော့ သည်။ အရင်လူကဲ့ သို့နောက်မှ တောက်လျှောက်ကပ်ပါလာခြင်းမရှိပါပဲ လူရှင်းသောနေရာသို့ရောက်လာသောအခါ နဘေးနားကပ်လာ၍ ကျွန်တော့် စာလေး ယူသွားပေးပါ လား ဟုပြောပါသည်။ ထိုစဉ်ရေမွှေးနံ့ကို ခံနိုင်ရည်မရှိသော စုငယ် သူ့ထံမှပြင်းရှ သည့်ရေမွှေးနံ့ကြောင့် ခေါင်းများကိုက် တတ်လာပါသည်။ စုငယ်ထံမှ ဘာစကားသံမှ မထွက်လာသောအခါ စုငယ်က ပြုံးစေ့စေ့ ကြည့် ကာ “ဒီနေ့ မယူလဲနောက်နေ့တော့…. ယူနော်” ဟုပြောပြီးလှည့်ပြန်သွားပါသည်။
သူ့ပုံစံမှာမိန်းကလေးတစ်ယောက်အားဘယ်လို သိမ်းသွင်းရမည်ကိုသိနေပုံမျိုးနှင့် မိန်းကလေးများအား အထင်အမြင်သေးနေပုံလည်းရပါသည်။
နောက်တနေ့တွင်မတော့ ကိုယ်တော်ကအနွေးထည် တစ်ထည်နှင့် နားထင်မှာခေါင်းကပ်ပလာစတာကပ်ကာ စာထပ်မံပေးပြန်ပါသည်။ပြောတဲ့ စကားများမှာ “ကျွန်တော် ဒီနေ့နေမကောင်းဘူး…မ မျက်နှာလေးမြင်ချင်လို့ ထွက်လာတာ…ကျွန်တော့်စာလေး ယူသွားပါ” ဟုပြောလာပါသည်…
စုငယ်နည်းနည်းလေးမှ သူ့ကိုဂရုမစိုက်ပါ။သူနှင့်သက်တူရွယ်တူဖြစ်သော်လည်း သူ့ ထံမှ မ ဟုခေါ် သဖြင့် ရည်ချင်စိတ်ကို မနည်းမျိုချရင်းသူ၏ ဟန်ဆောင် ဖျားနာမှု သူ့ ဗျုဟာကို တော်တော်ကြီး လှောင်ချင်စရာကောင်းနေပါသည်။ ဒီ လိုနည်းမျိုးသုံး၍ မိန်းကလေး ဘယ်နှစ်ယောက်များ ရည်းစားတော်ခဲ့မည်မသိ။ တစ်ခုတော့ကောင်းပါသည်...။
သူပြောချင်ရာအနားလာကပ်ပြောပြီးပြန်ထွက်သွား တတ်သောကြောင့်စုငယ်နောက်ကကပ်ပါလိုက်နေခြင်းမဟုတ်၍ စိတ်မကြဉ်းကျပ်ပါ...။
တစ်ရက်တွင် ရုံးသို့ စုငယ်နာမည်နှင့် ဖုန်းလာပါသည်....
“ကျွန်တော် ခရီးသွားမလို့ တစ်ပတ်လောက်ကြာမယ် ..မ” ဟု ပြောနေစဉ်မှာပင် သူ ဆက်တာမှန်းသိလိုက်သောကြောင့် ဖုန်းခွက်ကိုဆောင့်ချပစ်လိုက်ပါ သည်..။
အမြဲမြင်နေကြ လူကို မတွေ့ ခဲ့ လျှင် သတိတရ ရှိတတ်ကြသော လူတို့ ၏ အခြေခံစိတ်အား အသုံးချ၍ သူ့ များမမြင်ရလျှင်သတိများရနေစေရန်ခရီးသွားမည်ဟု တစ်ပတ်ခန့်ခြေရာဖျောက်သည့် သူ့အကြံသည် စုငယ်လို မိန်းကလေးအတွက်မည်သို့မျှအသုံးမ၀င်ပါ.။ဒီဖုန်းနံပါတ်ဘယ်ကရသလဲစုငယ်စိတ်မ၀င်စားပါ..။ ၀န်ထမ်းအယောက် တစ်ထောင်ကျော်ရှိ သည့် စက်ရုံ မို့ နာမည်နှင့် ဖုန်းနံပါတ်သိဖို့ ရာ မခက်ခဲလှပါ ။
ထို့နောက်တွင်မတော့ ကားဂိတ်မှ ပုံမှန်စောင့် ခြင်း ၊ ဖုန်းဆက်ခြင်းများပြုလုပ်လာပါတော့သည်..။
Reception ၏ အကူအညီဖြင့် သူ၏ဖုန်းများ စု ငယ် ဆီ ထိရောက်မလာတော့ ပါ.။သူလက်လျှော့သွားလောက်ပြီ ဟု ထင်ရသော် လည်း တစ် ရက်တွင်မတော့ ကန်တင်းမှ အန်တီကြီးဖြင့် စာတစ်စောင်ပေးခိုင်းပြန်ပါသည် …။
စာအားစုငယ်လက်ဖြင့် တောင်မတို့ မထိ ပဲနှင့် “ ပြန်ယူသွားပါ …၊ ကျွန်မ စိတ်မ၀င်စားဘူး ..
နောက်ယူမလာပါ နဲ့ “ ဟု ပြတ် သားစွာပြောလိုက် မိသည့် အတွက် ထိုအန်တီနှင့်တောင် ဆက်ဆံရေး ခပ်တန်းတန်းဖြစ်သွားရသည် အထိ သူကနှောက်ယှက်တတ်ခဲ့ ပြန်ပါသည် ။
Sunday ရုံးပိတ်ပြီးြ့ပန်တတ်ရသော တနင်္လာနေ့တွင်မတော့စုငယ်နောက် ကပ်လိုက်လာပြန် သည်။ လူရှင်းသော အိမ်ယာတွေနားအရောက်မှာေ တာ့ စုငယ် ပုခုံးမှာ ချိတ်လွယ်ထားသည့် အိတ်အားဖြတ်ခနဲဆွဲ ရင်း စာထည့် လိုက်ပါသည် .။
အန်မတန်လက်ရဲဇတ်ရဲ နိုင်သော သူ့ အပြု အမူသည် မြီးကောင်ပေါက်မဟုတ်သော စုငယ်အတွက် ရင်ခုန်ခြင်း ၊
စိတ်လှုပ်ရှားခြင်းတို့ ကို မပေးစွမ်းနိုင်သည့် အပြင် သူ၏ အပြုအမူ ဖြင့် သူ့ အဆင့်အတန်းကိုလွန်စွာမှ စက်စုပ်မိပါ သည် ..။အိတ်ထဲ သို့ရောက်လာသော စာ အားတစ်ရှုး တစ်စ ကို လွှင့် ပစ် သကဲ့သို့ ခံစားချက်ကင်းကင်းနှင့်
ပေါ့ပါးစွာ လွှင့်ပစ်လိုက်ပါသည် ။ဒေါသဖြစ်ခြင်း ၊ ဆောင့်အောင့်ခြင်းလုံးဝမပါ ပဲနှင့် တည်ငြိမ်စွာ လွှင့်ပစ်လိုက်ခြင်း အတွက် စုငယ်၏သွေးအေးမှုနှင့် သူထင်ထားသောမိန်ကလေးမျိုးမဟုတ်ဆိုတာ သူတဖြည်းဖြည်း သဘောပေါက်စေရပါမည် .။ သူနှင့် စုငယ်၏ တိုက်ပွဲသည်လည်း ပြင်းထန်လာနိုင်ဖွယ်ရာရှိပါသည် ။
နောက်နေ့ က စပြီး ငါ ဖယ်ရီေ စာင့် စီးရင်ကောင်းမလား ဟူသော အတွေးမျိုးဝင်လာပါသည် .။
ဖယ်ရီစီးမည် ဆိုလျှင် ၇ နာရီအရောက်စောင့် စီးရမည်ဆိုသောကြောင့် ၅ နာရီခွဲလောက်အိပ်ယာ မှထ ရမည်မှာသေချာသော အခါ ထိုသူကို အမှုန့် ကြိတ်ပစ်ချင်လောက်အောင်မုန်းတီးလာပါသည် ။
“ငါ့ ကိုကြောက်လို့ လာလမ်းအတိုင်းတောင်မလာတော့ ဘူး ..ဖယ်ရီစီးနေရပြီ” .. ဟု နောက်ကွယ် မှာသူ့အပေါင်းသင်းတွေကြား ဟားတိုက်နေဖွယ်ရရှိ သည့်  သူ့ ကိုလည်းမြင်ယောင်နေမိပါသည် ။
ထိုအခါ ရတယ်လေ.. ငါ ဆိုတာ နင်လိုက်တိုင်းရ တဲ့ ခပ်ညံ့ညံ့ မိန်းမ မျိုး မဟုတ်ဘူး နင်ကပဲ လက်လျော့ မလား ငါကပဲ လျော့ ရ မလား ..ဆိုတာစောင့်ကြည်ရသေးတာပေါ့ ဟု ကြိမ်းဝါးရင်း ဖယ်ရီစီးမည့် အစီအစဉ် အားခေါင်းထဲ မှ ထုတ်ပစ်လိုက်ပါ သည် …။
ရုံးမှ အကြာင်းစုံ သိနေသော သူငယ်ချင်း ဖြူ က စုငယ် ရယ် နင်ကလည်းခေါင်းမာတယ်နော်.. ဖယ်ရီစီး ပါ ဟယ်.. ဟုပြောလာသောအခါ စု ငယ် က ရပါတယ်ဟာ ဒီလိုကောင်မျိုးများဂရုစိုက်လို့.. သူ့ဟာသူလျှာထွက်ပြီး အမော့ဆို့ အသက်ပါထွက် လိမ့် မယ်..ငါ့တော့ တသက်လုံးမရစေရဘူး ဟု အပြော ကို ဖြူက “ အော်..ငါအကြံရပြီ.ငါ့မောင်ကိုဖြိုးပြန်ရောက်နေတယ်ဟ ..နင်နဲ့ လည်းလှည်းတန်းမှာ အတူတူတတ်ခဲ့ တဲ့သူငယ်ချင်းတွေ ပဲ .. နင်နဲ့သူ အယောင်ပြလိုက်ရင် နင့်မှာ ရည်းစားနဲ့ ဆိုသူလက်လျှော့ သွားမှာ ပဲဟ နော်..”
ဖြူရဲ့ အကြံ မဆိုးပါ ..စုငယ်လက်ခံ ပါသည် .။
အဲဒီနောက်ကိုဖြိုးမှစေတနာသက်သက်ဖြင့် စုငယ်အား ၃ ရက်ခန့် လိုက်ပို့ လာသော အ ခါ တွင် စုငယ်အလာကို ကားမှတ်တိုင်မှစောင့် ကြည့် ခြင်း အလုပ်မှ စုငယ်တို့ ဖြတ်လျှောက်ရာလမ်းဘေး လဖက်ရည်ဆိုင်မှ ခုံပုလေးတွေမှာ ထိုင်ပြီးစောင့် ကြည့် တတ်လာပါသည် ။
လေးရက်မြောက်သောနေ့ တွင်မတော့ စုငယ်တို့ ထိုဆိုင်နားမှဖြတ်အလျှောက်တွင်
“သိပ်ကြည့်မရတော့ ဘူး .. ငါ့ အသဲ ကွဲသလို ဒီကောင့်ခေါင်းကိုလည်း ဒီ ခုံနဲ့ ကိုရိုက်ခွဲချင်တာ.. ဟားဟား ဟား”
ဟု အုပ်စုလိုက်လှောင်သံ ရည် သံတွေနှင့် အပြောကို ကိုဖြိုး ကြား မ ကြား မသိပေမဲ့ စုငယ်ကတော့ ကြားပါသည် . စုငယ်တော်တ်ာကြီးလန့် သွားပါသည် ..။စုငယ်အတွက်နှင့် ဘာမှမဆိုင်သော ကို ဖြိုး ဒုက္ခ ရောက်မှာသေ ချာပါသည် .။ ထိုအောက်တန်းစားဆန်ဆန် အလုပ်အကိုင်မည်မည် ရရ မ ရှိလေလွင့်နေသော သူ ၊ အပေါင်းအသင်းများစွာ ဖြင့် သာ အချိန် ဖြုန်းနေသောသူ ထိုသူ့ထံမှာ ဘာဆင်ခြင်တုံတရားမှ ရှိမနေ နိုင်သဖြင့် ပြောသလိုလုပ်ချင်လုပ်ပါလိမ့်မည် .ထို့ကြောင့် ဖြူ့  အားအကျိုးအကြောင်းပြောပြ ၍ ကိုဖြိုး အားဖယ်ရီ စီးတော့ မည် ဟုလိမ်လည် ကာ လိုက်ပို့ခိုင်းခြင်းအလုပ်အားရပ်စဲလိုက်ရပါတော့ သည် ။
စုငယ်အား စာလိုက်ပေးခြင်းအပြင် ဘာလုပ်နိုင်မှာမို့လို့ လဲဟု ကိုယ့် ဟာကိုအားပေးရပါသည် ။
ဟုတ်တယ်လေ.. စုငယ်သွားသည့်လမ်းသည် လူများရှင်းလင်းပြတ်တောက်နေသောလမ်းမျိုးမဟုတ် ပါ ..စည်ကားသော ဆိုင်ခန်း များစွာရှိနေပါသည် ။လူအနည်းငယ်ရှင်းတာဆို၍ အိမ်ယာတွေ နားအရောက်တွင်သာရှိ သည် ..။ထိုနားသည်လည်းအမြဲရှင်းနေသည်မဟုတ်ပါ.. အနည်းဆုံးတစ်ယောက်စ နှစ်ယောက် စ တော့ ရှိနေပါသည် .။ဆွဲလား ရမ်းလား လုံးဝ လုပ်လို့မရသောကြောင့် လည်းစု ငယ် ခေါင်းမာရဲခြင်းဖြစ်ပါသည် .။
သူ ဟာ သူ အထင်နှင့် အမြင် လွဲစင်ကြောင်းအ လိုလျှောက် သိ၍ လက်လျော့ သွားစေရပါ မည် .။
သူဘာကြောင့် စုငယ်နောက်လိုက်သည်ဆိုတာလည်းစုငယ်ရိပ်မိပါသည် ..။
သူ့ သူငယ်ချင်းအား အားမလိုအားမရဖြစ်ခြင်း ၊ မခံချင်ခြင်းနှင့် လွန်စွာမှမိန်မကြမ်းကျေသော သူ့ အရည်သွေးက်ုပြချင်ခြင်း ၊ သူ့အထင်တွင် မာနကြီးလွန်း သွေးအေးလွန်းသော ကျွန်မအား မြင်ပြင်းကပ်ခြင်း
ထိုအချက်များအားအခြေခံ၍ မရရ အောင်လိုက်ပြ မယ် ကြည့်ထား ဟု လောင်းကြေးပါလျှင်ကောင်းပါနိုင်သော
ကိစ္စ ဖြစ်ပါလိမ့်မည် ။စုငယ်ကလည်းကြိုတင်မြင်ပြီးသားမို့ ဒီလူ ဒီ တခါတော့ ခွတ်ထိုး ခွတ်လန် ရှုံး မှာ မြင်ယောင်ပါသည် ။
နောက်တနေ့ တွင်လည်း လူ ပါးသောနေရာသို့ရောက်သောအခါ စုငယ်နားကပ်လာပြီး
“မ က စာပေးတာမကြိုက် ဘူး ဟုတ်တယ်မို့ လား. ဒီတခါ စာ မဟုတ်ဘူး ကျီးကန်းပေးမယ်.. ဟတ်ဟတ်ဟတ်…”
ဟု မခိုးမခန့်ပြောကာရည်နေပါသည်..။သူ့ ရဲ့ ရေ မွှေး နံ့တို့ က ထုံးစံအတိုင်းခေါင်းကိုက်စေသည်ကတစ်ကြောင်း ၊ သူ့ရဲ့ ခပ်လှောင်လှေင် ဆက်ဆံမှု ကြောင့် တစ်ကြောင်း ကြောင့် တခါဖူးမျှမကြည့် ဖူးသောသူ့ အား ခပ်တည်တည် တချက်ကြည့် လိုက်မိသည် .။
အဲဒီခါမှာ သူက .. “ ဟား…မ ကလဲဗျာ.. ဘာလဲ ရ.၀. တ ရုံး ကြည်ထားလို့ ပြောဦးမလို့ လား… ကျော်ကျော်လိုတော့ကြောက်ပြီးပြေးမဲ့ ထဲ ကျွန်တော်မပါ ဘူး.. တိုင်ချင်တိုင်နော် ..ကျွန်တော့်အဖေ က လူကြီး.. ဟားးဟား..တော်တော်ကြီးတယ် ၆၀ ကျော်ပြီ… ကဲ သွားပြီ တာ့တာ..” ဟုပြောကာထွက်သွားပါသည်.။
နောက် ၃ ရက်ခန့် ကားမှတ်တိုင်မှစောင့် ကြည့်ခြင်းနှင့် မလှမ်းမကမ်းမှ လိုက်လာခြင်းအပြင် ဘာမှ မလုပ်ပါ .။အနားလည်းရောက်မလာပါ.။ ဒင်းလက်လျှော့ သွားတာလား ။ တခုခုကြံစည်နေတာလား စုငယ်တွေးနေမိသည် ။
တွေးထားသည့်အတိုင်းပင်နောက်တနေ့ တွင် စုငယ်နားကပ်ကာ ဒီဒိုင်ယာယီလေး ယူပါနော် ဟု ပေးလာပြန်ပါသည် ။ သူဟာသူ ဘာပဲပြောပြော ထုံးစံအတိုင်း ဘာတစ်ခုမှမပြောင်း လဲသောမျက်နှာဖြင့် ရှေ့ တူရှု ကိုကြည်ပြီးပုံမှန်ခြေလှမ်းအတိုင်းသာလျှောက်နေသော စုငယ်ပုံစံကိုကြည့်ကာ
သူတော်တော် အသည်းယား၍မြင်းပြင်းကပ်လာပုံ ရပါသည်.။သိပ်စိတ်မရှည်သော လေ သံ ဖြင့်
“ဟုတ်ပါပြီ ..ဒီဒိုင်ယာယီတော့ မ ဖတ်ကိုဖတ်ရစေမယ်” ဟု သူ့ကိုသူ အားတင်းသလိုလို စုငယ်ကိုပဲ ခြိမ်းခြောက်သလိုလို ပြောပြီး ထွက်သွားပါ သည်..။အတော့်ကိုပဲရည်စရာကောင်းသော သူပါလား..ဘ၀င်ရူးများ ရူးနေလားတောင်မသိ။ အဲလိုနှင့်နောက်တနေ့ ။
မှတ်မှတ်ယယ အဲဒီနေ့….။
သူအရင်နေ့ တွေ ဘာအရောင်ဝတ်ထားမှန်း သူဘယ်လိုဆံပင်ပုံမှန်း သတိမထားဖြစ်ခဲ့ပေမဲ့ ..မှတ်မှတ်ယယထိုနေ့က သူ အင်းကျီ အဖြူလက်ရှည်နှင့် ဂျင်းပင်အပြာဝတ်ထားပါသည်…။ ထုံးစံအတိုင်းနောက်ကလိုက်လာပြီးအိမ်ယာတွေနားရောက်မှာတော့ဖြတ်ခနဲစုငယ်ရှေ့ ပိတ်ရပ်ရင်းအနက်ရောင်ဒိုင်ယာယီစာအုပ် လေး အားအတင်းထိုးပေးပါသည်။
စုငယ် သူကိုရှောင် ပြီး ပတ်ထွက်စဉ်မှာ သူကထပ်မံ ပိတ်ရပ်ကာပေးပြန်ပါသည် ။
စုငယ်ဘယ်လိုမှ ဟန်မပျက်မနေနိုင်တော့ ပါ..။စုငယ်ကိုယ် စုငယ်ဘာလုပ်မိမှန်းမသိခင်မှာပင် သူလက်ထဲမှ စာ အုပ်လေး လမ်းဘေးက မြက်တောထဲရောက်နေပါပြီ ..။ စုငယ်ယူပြီးလွှင့်ပစ်လိုက်မိပါ သည်..။
သူခဏမျှ မှင်သက်နေချိန်တွင် စုငယ်ထွက်လာခဲ့ပါသည်.။ သူ ကျန်ခဲ့ သလား ကြည့်နေ သလားနှင့် စုငယ်
ကျော မလုံစွာ လျှောက် ရင်း လေးငါးလှမ်း အရောက်မှာတော့ သူပြန်ပါ လာပါသည်..။လက်ထဲတွင်လည်းခုန စာအုပ်လေး ပါလာပြန်ပါသည် ..။အစကတည်းက ရေရှိတဲ့နေရာလွှင်ပစ်ခဲ့ရင်အကောင်းသား ..ခုတော့ ပေပေကျံကျံ မရှိပဲ ပြန်ကောက်ယူလိုရတယ်..ငါတော်တော်ညံ့ တာပဲလို့ အားမလိုအားမရ အပြစ်တင်မိပါတယ်..။ အဲဒီ ခဏ မှာပင် စုငယ်ရှေ့ ပိတ်ရပ်ရင်း စုငယ်ဘယ်လိုမှထင်မှတ်မထားသော အပြု မူ ဖြစ်သည့် စုငယ်ရှေ့ မှာသူ ဒူးထောက်ချလိုက်ပါသည်..။ စု ငယ်၏ လက်နှစ်ချောင်းလုံးကိုလည်း အတင်းချုပ်ကိုင်
ကာ စာအုပ်ကို အတင်းထိုးပေးပါ သည်..။ သူ့နှုတ်မှလည်း .ယူသွားပါနော်..မ.. မယူမချင်း လွှတ်လဲမလွှတ်ဘူး ….ထလဲမထဘူး …ဟု စိတ်လှုပ်ရှားတုန်ရင်သော အသံနှင့်..။စုငယ်ကိုမော့ ကြည့်နေသော သူ့မျက်ဝန်းထဲတွင်လည်း မျက်ရည်လိုလို ….ဘုရားဘုရား.. စုငယ်တော်တော်ကြီးတုန်လှုပ်သွားပါသည်..။
ခပ်လှမ်းလှမ်းမှ ငါးမျှားနေသော လူ နှစ်ယောက်သုံးယောက် ကလည်း လှမ်းကြည့်နေပါသည်..။ကျောပိုးအိတ်နှင့်
ကောင်မလေးနှစ်ကလည်း တ ခစ်ခစ်နှင့် ရည်ပြီးကိုရပ်ကြည့် နေပါ သည်..။နောက် စက်ဘီးစီးလာသော ကောင်လေး သုံးယောက်..။ နောက်ထပ်လူတွေ လည်းရှိ ချင် ရှိနိုင်ပါ သည် ..။ သနားပါတယ်..လက်ထပ်ခွင့် တောင်းနေတာ ပေး လိုက် …ပေးလိုက်လို့အော်နေသံများ…ရည်သံများ…စုငယ်အဲဒီ အချိန်လေးမှာအငွေ့ ဖြစ် ပျံသွားချင်လောက် တအားရှက်မိပါသည်..။ဘာကိုမှသဲကွဲ စွာ မမြင်နိုင်လောက်အောင်ကို..နားရွက်တွေ ထူပူပြီး အသံတွေ ၀ိုးတ၀ါးဖြစ်ကုန်ပါသည်..။ဘာတွေ ဘယ်လိုဖြစ်ကုန်မှန်းမသိတော့ ပါ..စက်ရုံ ဂိတ်ပေါက် ဘယ်လိုရောက်လာ သလဲ…
ဂိတ်ပေါက်ဝ မှ နားနေဆောင်ခန်းထဲ ပြေး ၀င်ပြီးထိုင်ချ လိုက်မိပါသည်..။
စုငယ်လက်ထဲတွင်လည်း ဒိုင်ယာယီ စာအုပ်အမဲလေး …စုငယ်၏ လက်ပိန်ပိန်သေးသေးလေး များ တွင်
နီရဲနေသည့် လက်ချောင်းရာများ..နာကျင်နေပုံထောက်ရင်စုငယ်တော်တော်ကြီးရုန်း ကန်ထားမှန်း သိသာ
ပါသည်..။
၅ မိနစ်ခန့်မျက်စိကိုမှိတ်ကာ တဖြည်းဖြည်း ချင်း ရင်ခုန်သံကိုပုံမှန်ပြန်ဖြစ်စေ ပါသည်..။
ထို့နောက် စာအုပ်ကလေးအား ဟိုလှန်ဒီလှော ကြည့် မိပါသည်..။ စတွေ့ သည့်နေ့မှ တနေ့ ကထိသူ၏ တဖက်သတ်ခံစားမှုများ ကိုနေ့စွဲ နှင့် ရေးထားတာဖြစ်ပါသည်..။ဒီလိုစာအုပ်မျိုး ဘောပင် (၁၀) ချောင်းလောက် သုံးပြီး တညထဲနှင့်ရေး လို့ ရပါသည်..။အခြေနေတစ်ရပ်ကြောင့် သူ့ စာအုပ်လက်ထဲ ပါလာပေမဲ့ ခုတော့ အမှိုက်ပုံးထဲရောက်သွားပါသည်..။
သို့ပေမဲ့စုငယ်စိတ်များမရွှင်လန်းတော့ပါ..။ခုဏကအကြောင်းများကစုငယ်ကိုအတော်ကြီးတှုန်လှုပ်စေပါသည်..။ လေးကန်သောခြေလှမ်းများနှင့် ရုံးပေါ် အရောက်မှာတော့..MD ခေါ်နေတယ်ဆိုတာကြောင့်
MD ခန်းထဲရောက်မှာတော့ စုငယ်.. Production Manager ရောက်နေပြီ.။data လွှဲ ပေးလိုက် မနက်ဖြန် ကစပြီး ရုံးချုပ်မှာ ထိုင်မယ်.. ဟု ကိုယီးယားလိုပြောလာပါသည်..။ အမလေး ပျော်လိုက်သည် ဖြစ်ခြင်း..။
ထခုန်မတတ်ဝမ်းသာ သွား ပါသည်….။ နောက်တနေ့မှစပြီး စုငယ် ရုံးချုပ်ဖြစ်သော.. 8 မိုင် မှာ ရုံးတတ်ခဲ့ရပါသည်..။
စုငယ် ပြောချင် သည်မှာ ထိုသူသည် စုငယ်ကိုတကယ်ချစ်တာမချစ်တာ သူ၏ အပိုင်းသာဖြစ်သည်..။
သူ့မှာမိန်းကလေးတစ်ယောက် ကိုကြိုက်သ လို ရင်ဖွင့်ပိုင်ခွင့် ကြိုးစားပိုင်ခွင့်ရှိသည်ကိုစုငယ်လက် ခံပါသည်..။
သို့ပေမဲ့ စုငယ်လိုမိန်းကလေးတစ်ယောက်အနေဖြင့် မည်သို့ မျှ ချစ်လာနိုင်မည် မဟုတ်ပါ..။
စုငယ်တို့လိုမိန်းကလေးများပင်ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်၍ဘ၀ကိုအဓိပ္ပါယ်ရှိစွာ ဖြတ်သန်း နေချိန်တွင် ထိုသူမှာ အလုပ်ကိုင်ဆိုတာ ဝေ လာဝေး…၊လက်ဖက်ရည်ဆိုင်နှင့် တီဗီဂိမ်းဆိုင်တို့ တွင် အချိန်တော်တော်များများပေး ထားသူ၊
အပေါင်းသင်းတကာဖြင့် အရည်မရ အဖတ်မရ မိန်းကလေးအကြောင်းများနှင့် ဘောလုံးပွဲအကြောင်းအများသာ.. စိတ်ဝင်တစား လေ့လာစူးစမ်းတတ်သောသူ ..။
လူအများသွားလာနေသော လမ်းမပေါ်တွင် စာအုပ်လေးတစ်အုပ်ယူသွားစေဖို့အရေး အရှက် သိက္ခာ ကင်းမဲ့ စွာ
ယောက်ကျားတန်မဲ့ မိန်းကလေးတစ်ယောက်ရဲ့ရှေ့ တွင်ဒူးထောက်ဝင့်သောသူ…..။
ထိုယောက်ကျားကို ဘယ်လိုအချက်လက်တွေဖြင့် အထင်ကြီးအားကိုးထိုက်စွာ ချစ်သူတော်ရ ပါမလဲ…
သူရဲ့ စိတ်ထဲမှာတော့ ဒီလိုအပြု အမူဟာ romantic ဆန်ဆန်မိန်းကလေးတစ်ယောက်၏ စိတ်အား လှုပ်ရှားစေနိုင်မှုတစ်ခုဟုခံယူ ကောင်းခံယူပါလိမ့်မည်……။
စုငယ်လိုမိန်းမတစ်ယောက်အတွက်ကဖြင့် ရင်ခုန်ဖို့ဝေလာဝေး အန်မတန်မှနုံဖျင်းသေးသိမ်လှသော အပြုအမူ……………၊အထင်ကြီးစရာတစက်မှမရှိသော အပြုအမူ ဟုမှတ်ယူပါသည်…။
မိန်းကလေးတစ်ယောက်၏ အချစ်သည် သနားခြင်း သို့တည်းမဟုတ် အထင်ကြီးခြင်း ကို အခြေခံသည် ဟုဆိုရာတွင်……..
သူငယ်ချင်းတို့ စုငယ်နေရာမှာဆိုရင်ရော…………...??????
Tuesday, November 25, 2008
Subscribe to:
Post Comments (Atom)

No comments:
Post a Comment